Saturday, July 4, 2009

အခန်းဆက်

ဒီလိုနဲ့ပဲ
အဲဒီ အစီအစဉ်လေးကို စောင့်ကြည့်ဖြစ်သွားတယ်
ကိုယ်က စောင့်နေလို့များလား
တော်တော်လေး နောက်ကျပြီးမှ လာတယ်
ပြီးတော့ “ဆက်ရန်”လို့ စာတန်းထိုးတယ်။

ကိုယ့်မှာသာ
စောင့်ရကျိုးနပ်အောင် ဆက်စောင့်နေရတယ်
ကိုယ့်မကြည့်ဖြစ်တဲ့ ရက်လေးမှာ ပြီးပါပြီတဲ့
မင်းသားနဲ့ မင်းသမီးကို ပေးစားလိုက်ကြပုံပါပဲ

ကိုယ့်မှာသာ...
စောင့်ရကျိုးနပ်အောင် ဆက်စောင့်နေရတယ်
ကိုယ် မကြည့်ဖြစ်တဲ့ ရက်လေးမှာ “ပြီးပါပြီ” တဲ့
ဒီလိုနဲ့ပဲ
အဲဒီ အစီအစဉ်လေးကို စောင့်ကြည့်ဖြစ်သွားတယ်။

+ စိုးလှိုက်ဦး (ယင်းမာပင်) +