Tuesday, July 7, 2009

ပြိုင်ပွဲပုံပြင်


တစ်ခါမှာတော့ ကမ္ဘာနိုင်ငံတွေဟာ သူတို့နိုင်ငံတွေရဲ့ နည်းပညာသမိုင်းကို လေ့လာချင်တာနဲ့ မြေကြီးအောက်ကို ပေတစ်သောင်းစီ အပြိုင်အဆိုင် တူးကြည့်ကြသတဲ့။

ပထမတူးကြည့်တဲ့ နိုင်ငံကတော့ တရုပ်နိုင်ငံဖြစ်သတဲ့....၊ ဘာတွေ တွေ့ရလဲဆိုရင် လျှပ်စစ် သံနန်းကြိုးမျှင် အဟောင်းတွေကို တွေ့ရတယ်။ ဒီတော့ “ဟာ....၊ ငါတို့ နိုင်ငံဟာ ဟိုးအရင်ခေတ်ကတည်းက လျှပ်စစ် နည်းပညာကို သုံးစွဲနိုင်ခဲ့ကြတာပဲ” လို့ ကောက်ချက်ချလိုက်ကြတယ်...။

ဒုတိယတူးကြည့်တဲ့ နိုင်ငံကတော့ အမေရိကန်နိုင်ငံဖြစ်ပြီး ဘာတွေတွေ့ရလဲဆိုရင် ဖိုက်ဖာလ်အောလ်တစ် ကေဘယ်လ်ကြိုးဟောင်းတွေကို တွေ့ကြရတယ်...။ ဒါနဲ့ သူတို့လည်း “ဟာ....၊ ငါတို့ နိုင်ငံဟာ ဟိုးအရင်ခေတ် ကတည်းက အလင်းလှိုင်း နည်းပညာကို အသုံးချနိုင်ခဲ့ကြတာပဲ” လို့ ကောက်ချက်ချလိုက်ကြတယ်။

တတိယမြောက် တူးကြည့်တဲ့ နိုင်ငံကတော့ မြန်မာနိုင်ငံတဲ့....၊ မြန်မာနိုင်ငံ အလှည်မှာတော့ တူးလိုက်တာ.... ပေတစ်သောင်းလည်း ဘာမှမတွေ့...၊ ပေနှစ်သောင်းလည်း ဘာမှမတွေ့.... နောက်ဆုံး ပေသုံးသောင်းထိ တူးပြီးတဲ့ နောက်မှာတော့ သူတို့ဟာ ဟောဒီအတိုင်း ကောက်ချက်ချလိုက်တော့တယ်တဲ့ .....။

“ဟာ....၊ ငါတို့ နိုင်ငံဟာ ဟိုးအရင်ခေတ် ကတည်းက ကြိုးမဲ့ဆက်သွယ်ရေး (wireless) နည်းပညာကို အသုံးချနိုင်ခဲ့တာပဲ.....”