Thursday, July 9, 2009

ရည်ဦးသူ သို့ စွဲလမ်းနှင်းဆီ


နှင်းဆီဓါးသွားဟာ
ဆူးတွေနဲ့တင် အဆိပ်သင့်ခဲ့ပါပြီ
ခရီးသွားမီးခိုးတန်းတွေဟာ
အလင်းရဲ့ကျိန်စာသင့်ခဲ့ချိန်ပေါ့....

ဖေဖေကပြောတယ်
ဝေဒနာကနေ ဥပါဒါနက္ခန္ဓာမဆက်စေနဲ့တဲ့
ဖြစ်တဲ့အခိုက်မှာတင် ပျက်နေတာမို့
ဝေဒနာချုပ်ကြောင်းသိပါစေတဲ့

မှန်ပါ သို့သော်
အရိယာမဖြစ်သေးသရွေ့
ကျင့်ဆဲခဏ တဒင်္ဂဝိမုတ္တိပေမယ့်
မမြင်တဲ့ခဏ မြင်သမျှမို့
လွမ်းနေရပါဦးမယ် ဘုရား....

သံယောဇန မို့ အနာဂါမိဘဝမှ
ပယ်ရမှာကိုလည်းကျေနပ်မိပါတယ်ဘုရား.....