နှင်းဆီခူးတဲ့ ဆူးမကြောက်လက်
သံမဏိစိတ်ဓါတ်နဲ့ မိုးကြိုးလိုခွင်းတယ်
အမှောင်ကိုထွင်းမယ့် အလင်းလူသား..........
အလင်းလူသား သူမဟာ.....
နဂါးအစင်းရာထောင်သောင်းကိုသော်လည်းကောင်း
ဓါးအစင်းရာထောင်သောင်းကိုသော်လည်းကောင်း
အေးမြသိမ်မွေ့နူးညံ့စွာ လင်းလက်အောင်မြင်ခဲ့တယ်...
အဲဒီအလင်းလူသားဟာ
နှင်းဆီပွင့်ချပ်တွေနဲ့တည်ဆောက်ထားတယ်...
အဲဒီပွင့်ချပ်တွေက အလင်းပွင့်ဆစ်သီ...
အဲဒီလူသားဟာ
အရုဏ်ဦးကို အလှဆင်ဖို့...
ဒုက္ခဒဏ်မကြောက်ဘဲ
သံလွင်ခက်သရဖူကိုလှမ်းခဲ့ပြီ
ပျားတုပ်ဒဏ်မကြောက်
သပြေညိုအောင်ပန်းကိုလှမ်းခဲ့ပြီ......................
အို...... မြန်ပြည်သူရှင်လူအပေါင်းတို့
အဲဒီ မိခင်မြတ် ကြောင့်သာ
ဧရာဝတီ၊ချင်းတွင်း၊သံလွင်.....
ကုလားတန်နဲ့ပါချန် ဟာ
အမှောင်မသန်း အောင်ပန်းတွေတဝေဝေနဲ့
မြန်ပြည်ဘေးမသန်း အောင်ဆုတွေချွေသီပါလို့
အောင်ဆန်းစုကြည် မြတ်မိခင်အလင်းရယ်ကြောင့်
တံတားအစင်းရာထောင်သောင်းကိုသော်လည်းကောင်း
ဓါးအစင်းရာထောင်သောင်းကိုသော်လည်းကောင်း
ကျားငစဉ်းလဲ ရာ ထောင် သောင်း ကိုသော်လည်းကောင်း
ရဲရင့်ရွှင်လန်းကြည်သာအေးမြစွာ ကျော်ဖြတ်အောင်မြင်လို့
ရှေ့သို ရှေ့သို့ဆက်လက်အောင်မြင်ကြပေလိမ့်ဦးမယ်......
သည်သောအခါမှ
ဗိုလ်ချုပ်သမီး တို့ဗိုလ်ချုပ်သမီးရယ်လို့
မျက်နှာချိုသွေး လာ...မတောင်းပန်ကြလေငဲ့
ခွပ်ဒေါင်းမာန်နဲ့ဇာနည်သွေးမို့
ဘာမထီမျိုးဟေ့အောင်ပွဲဆင်
လာမည်တိုးတက်တဲ့ အောင်ပွဲပင်
သာကီမျိုးတို့အောင်ပွဲဆင်.....
Wednesday, July 8, 2009
ဧရာဝတီ၏မိခင်သို့
Posted by Htet Yee Thitsar at 9:22 AM
Labels: Htet Yee Thitsar, poem


