ပျဉ်းမနားက မိတ်ဆွေတစ်ယောက်ရဲ့ သမီးလေးနှစ်ယောက် ပုံလေးတွေပါ၊ ဘာဖြစ်လို့လဲတော့ မသိဘူး...။ ကလေးတွေထက် ကြောင်တွေ၊ ခွေးတွေကို ပိုပြီးချစ်တတ်တဲ့ ကျွန်တော်တောင် သူ့သမီးအကြီးမလေးကို ချစ်သွားတယ်။ ရုပ်ကလေးတင် ချစ်စရာကောင်းတာမဟုတ်ဘူး၊ အပြောလေးကစ ချစ်စရာကောင်းတာ...။ ကလေးတွေ လူကြီးစကားပြောရင် ကျွန်တော် အရမ်းအမြင်ကပ်တာပဲ....၊ ဒါပေမယ့် ဒီကလေးမလေးကျတော့ လူကြီးစကားပြောတာပဲ.... ဒါပေမယ့် ကလေးလိုပြောတာ....။ ဒါကြောင့် ချစ်စရာကောင်းတယ်....
ကျွန်တော်က သမီးကြီးရင် ဘာလုပ်မှာလဲလို့ မေးမိတော့ "Model လုပ်မယ်၊ ဒါမှမဟုတ် မင်းသမီးလုပ်မယ်" တဲ့....။ ဒါဆိုရင် အိုက်တင်လုပ်ပြဆိုတော့ ရယ်လိုက်ရတာ...၊ ဒါနဲ့ သူတို့ကိုရိုက်ထားတဲ့ ပုံလေးတွေကို ဘလော့မှာ တင်ချင် စိတ် ပေါက်လာတယ်။ သူ့တို့အဖေကိုလည်း ခွင့်တောင်းရ တာပေါ့ဗျာ...၊ ခွင့်ပြုချက် ရပြီဆိုမှ ကျွန်တော်ရဲ့ Model မမကြီးများကို ပွဲထုတ်လိုက်ပါတယ်။
Model :နွေးသဉ္စာနိုင် (အကြီးမလေး)
Model :အေးသဉ္စာကျော်(အငယ်မလေး)



Mr.Dayster အကောင့်နဲ့ ယူတင်လိုက်ပါတယ်၊ ကျွန်တော့်အကောင့် ပိတ်နေလို့။
With deepest respects,
Ðaywalker( စိုးလှိုက်ဦး )


